1. /* Kp3bloglist Style */ 2. #BlogList1 .widget-content { height: 200px; overflow: auto; }
Photobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket

My Blog List

Labels

Wednesday, September 15, 2010

သူကြီးသောတာပန်

သူကြီးသောတာပန်
တခါတုန်းက....
 တောရွာလေးတရွာမှာ ပစ္စည်းလေးပါးထောက်ပံ့ဖို့ မသိနားမလည်တဲ့ ရွာသူကြီးဒကာကြောင့် ကျောင်းထိုင်ဘုန်းကြီးမမြဲဘူးတဲ့.
ရဟန်းတော်တွေဆိုတာကလည်း ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး လို့ခေါ်တဲ့ ပစ္စည်းလေးပါးပြည့်စုံမှ ပရိယတ်၊ ပဋိပတ်တရားတွေကို ကြိုးစားအားထုတ်နိုင်မှာလေ. တနေ့တော့ အဲဒီရွာလေးကို ကျောင်းထိုင်ဆရာတော် အသစ်တပါးကြွရောက်သီတင်းသုံးပါတယ်. ပစ္စည်းလေးပါးမပြည့်စုံလို့ ကျောင်းထိုင်ဆရာတော်များ ရေရှည် သီတင်းမသုံးနိုင်ကြောင်းကို သိထားတဲ့ ဆရာတော်ဟာ ရွာသူကြီးကို စည်းရုံးရေးဆင်းဖို့ ကြိုးစားပါတယ်.
ရွာသူကြီးကို ရွာဦးကျောင်းဆီ မကြာခဏဖိတ်ခေါ်ပြီး တရားတော်များကို နာယူစေပါတယ်. မေတ္တာဘာဝနာ၊ သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာများကိုလည်း အခါအားလျော်စွာ ဆည်းပူးစေပါတယ်. တနေ့သော ဥပုသ်နေ့မှာတော့ ရွာသူကြီးဟာ ဆွမ်းလှူဒါန်းဆက်ကပ်ပြီး ကျောင်းမှာပဲ ဥပုသ်သီတင်းသီလများ ဆောက်တည်ပြီး နေပါတယ်. နေ့လည်ပိုင်းကျတော့ ဆွမ်းအနုမော်ဒနတရားအနေနဲ့ သောတာပန်ဆိုတဲ့ တရားတော်ကို ချီးမြှင့်ပါတယ်။
" ဒကာကြီး ..သောတာပန်တို့ရဲ့ အင်္ဂါတွေမှာ သရဏဂုံ(၃)ပါးကို အသက်နဲ့လဲပြီးယုံကြည်သူ၊ ငါးပါးသီလကို မယွင်းမချွတ်မြဲသူဟာ ပြောချင်တဲ့ဆန္ဒရှိရင် ငါသည် သောတာပန် ငါသည် ဘယ်တော့မှ အပယ်မလားဘူးလို့ရဲရဲဝံ့ဝံ့ထုတ်ပြောနိုင်ကြောင်းဘုရားရှင်က သံယုတ်ပါဠိတော်မှာ အာမခံချက် ပေးထားတယ်  အခုဆိုရင် ဒကာကြီးဟာ ရာသက်ပန်သရဏဂုံလည်း ဆောက်တည်ခဲ့ပြီးပြီ။ အခုချိန်မှာ သီလကလည်း ဆောက်တည်ထားပြီး အကုသိုလ်တရားတွေနဲ့ ကင်းဝေးနေတဲ့အတွက် သီလလည်း မြဲနေပြီ။ ဒါအပြင် ၀ိပဿနာဘာဝနာရဲ့ ဥာဏ်စဉ်ဖြစ်တဲ့ (၁) သုတမယဥာဏ်-သုတ၊ သင်ကြားနာယူပြီးတော့ သိတဲ့ဥာဏ်၊ (၂) စိန္တာမယဥာဏ်-မိမိစိတ်ကူးနဲ့ ကြံစည်တွေးတောပြီးသိတဲ့ဥာဏ်၊ (၃) ဘာဝနာမယဥာဏ-ဘာဝနာတရားကို အားထုတ်ပြီး အရှိကို အရှိအတိုင်း ထိုးထွင်းပြီးသိတဲ့ဥာဏ်ဆိုတဲ့ ဥာဏ်စဉ်တွေကိုလည်း ကိုယ်တိုင်သိရှိအားထုတ်ပြီးဖြစ်တဲ့အတွက်ကြောင့် သီလ၊ဘာဝနာပြည့်စုံနေတဲ့ ဒီအချိန်လေးမှာတော့ ဒကာကြီးဟာ စူဠသောတာပန်တည်ပြီ။ ရှေ့ဆက်ပြီး မဟာသောတာပန်တည်အောင် ကြိုးစားအားထုတ်ပါ ဒါကာကြီး" လို့ ဆိုပြီး ဆရာတော်က တရားကို အဆုံးသတ်လိုက်ပါတယ်။ ရွာသူကြီးလည်း "သာဓု"  ခေါ်ဆို၍  သောတာပန်ဖြစ်ပြီ အပါယ်မလားတော့ဘူးဆိုပြီး သူ့အတွေးနဲ့သူ ကြည်နူးပျော်ရွှင်နေပါတော့တယ်။
ခဏနေတော့ သူကြီးရဲ့သား ကျောင်းပေါ်ကို ရောက်လာပြီး " အဖေ၊ အဖေ မြို့က ပုလိပ်မင်းကြီးတွေ ရောက်နေကြတယ်. အဲဒါ အဖေအိမ်ကို အမြန်လိုက်ခဲ့ပါ" လို့ လာခေါ်ပါတယ်.  သူကြီးလည်း ဆရာတော်ကို ဦးချကန့်တော့ပြီး အိမ်ပြန်လိုက်သွားပါတယ်. ညနေစောင်းမှ ရောက်လာတဲ့ ပုလိပ်မင်းဧည့်သည်တွေ အတွက် ထမင်းဟင်းချက်ဖို့ ဈေးမရှိတော့တဲ့အချိန်ဖြစ်နေလို့ တောဓလေ့အတိုင်း အိမ်နောက်ခြံထဲကပဲ ကြက်ကို သတ်ပြီး ဟင်းလုပ်ဖို့ အကြံနဲ့ သားက ဓါးမကြီး၁ချောင်းကို ကိုင်ပြီး ကြက်ခြံဆီသွားပါတယ်။ သူကြီးလည်း သားနောက်ကလိုက်ပြီး ပြောလိုက်သည့်က " သား၊ သားလူလေ... မင်း ကြက်ကို မသတ်နဲ့၊ အဖေပဲသတ်မယ်. အဖေက သောတာပန်တည်ခဲ့ပြီးပြီ. အပါယ်မလားတော့ဘူး" ဟူသတည်း။
(ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့သမ္မတကမ်းခြေကျောင်းတိုက်တွင် တရားအားထုတ်ခဲ့ဖူးစဉ် ကမ္မဋ္ဌာနဆရာတော်ဘုရားကြီး၏ အိမ်အပြန်ဓမ္မလက်ဆောင်အဖြစ်သူကြီးသောတာပန်လို့ မဖြစ်စေရန် ဆိုဆုံးမမှုကို ပြန်လည်မျှဝေလိုက်ပါတယ်။ အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ.. ဤဓမ္မရသစာစုလေးဖြင့် ဆရာတော်ဘုရားအားလည်း ထိခြင်းငါးဖြာဖြင့် ရိုသေစွာ ကန့်တော့ရင်း.......)

Thursday, September 9, 2010

၃ နှင့် ၎

"၃ နှင့် ၄"
အိုသူငယ်ချင်း
ခက်ခဲရှာဖွေ၊ စီးပွားပွေနဲ့
လူမှုဒုက္ခ၊ ထွက်ပေါက်အဖြစ်
တတိယနိုင်ငံ၊ နင်လှမ်းပြင်ခိုက်...
ငါမှာသည်က
ချဉ်ပေါင်ဟင်းနှင့်၊ ငပိတို့စရာ
လွမ်းလောက်စရာ၊ စေတီသာနှင့်
နှစ်ဖြာမိဘ၊ မွေးချင်းများထံ
လွမ်းဆွတ်နေရင်း၊ မွေးရပ်ပြန်ရန်

ထန်ကုန်ရွက်လွှင့်ကြိုးစားလျှက်တည်း။ (ခေတ္တ K.L)